အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉  ရောဂါကာလ အတွင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ပစ္စည်းလေးပါး ပြည့်စုံစေရန် နဝကမ္မအလှူငွေများ ဒုတိယအကြိမ်ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ငွေကြာရံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါထိန်းချုပ်/ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်မှ လှူဒါန်းထားသော တန်ဖိုးငွေကျပ် သိန်း(၇၀)တန်ဖိုးရှိ
Oct 14,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု့ခံစားနေရပြီး ယနေ့နံနက်အချိန်ထိ ရောဂါပိုး တွေ့ရှိသူ positive လူနာ စုစုပေါင်း (၂၄)ဦးရှိသည်။
Oct 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ အသက်(၁) နှစ်မှ(၁၅)နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့နာကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းနှင့် အမှီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဟော်တိုက်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု လွယ်ဖီး-ခိုလတ်လမ်း ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ယနေ့နံနက် ၁၀ နာရီအချိန် က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။