အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေငြာထားရှိမှုများ ကို ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ နှင့် တာဝန်ရှိသူများကယနေ့တွင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပိုင်ကျုံနယ်မြေရဲစခန်းတွင် ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးတာ၀န် များဆောက်ရွက်ရန်အတွက် အထူးရဲသင်တန်း တက်‌ရောက်သင်ကြားလျက်ရှိသော သင်တန်းသားများအားထံမှ ကိုဗစ် − ၁၉ ရောဂါ ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ဓာတ်ခွဲနမူနာရယူခြင်းကို ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Oct 09,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့တွင်းသန့်ရှင်းသာယာလှပ စေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။
Oct 09,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများ ချိတ်ပိတ်ခြင်းကို  ယနေ့မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကောက်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါကြိုတင်မဲပုံးများ ချိတ်ပိတ်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးညွန့်က ကြိုတင်ဆန္ဒမဲ ပုံးများ ချိတ်ပိတ်မည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်၍ ကြိုတင်ဆန္ဒမဲပုံးများကို တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Oct 09,2020
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ဈေးသည်များအား ကျန်းမာရေးနှင့်အညီ  စနစ်တကျ ရောင်းချကြရေး
Oct 09,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုကြပ်မတ်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Oct 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန် ဆောင်ရွက်ရန် ဒေသအသီးသီးမှ နမ့်ခမ်းမြို့သို့ ယမန်နေ့က ပြန်လည်ရောက်ရှိလာသည့် ပညာရေး ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နမ့်ခမ်းမြို့၊ ဗုဗ္ဗါရုံကျောင်းတိုက် တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre ၌ စောင့်ကြည့်ထားလျက်ရှိသည်။