အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂) အုပ်စုမှ အသက်(၁၅)နှစ်အောက် ကလေးများအား ယနေ့နံနက်(၇)နာရီက စတင်၍ မြို့မရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံတွင် ဆုံဆို့နာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
Oct 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အထောက်အကူပြုစေရန်Level- 3  PPE ဝတ်စုံများနှင့် (N95 mask) ပါးစပ်နှာခေါင်းစည်းများအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်Fever Clinic ဖျားနာကုအခမဲ့ ဆေးခန်းသို့  ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။
Oct 09,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အတွင်း ကိုဗစ်- ၁၉ ရောဂါ ပြန့်နှံမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် သန်လျင်မြို့နယ်အတွင်းရှိ အနံပျောက်သူများနှင့် ဖျားနာကုဆေးခန်းပြလိုသူများအား မြို့နယ် ကိုဗစ်- ၁၉ ကော်မတီမှ အိမ်တိုင်ရာရောက် လာရောက်ခေါ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၏ နာယက သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်ထံမှ သိရသည်။
Oct 09,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ထောက်ပံ့ငွေများကို မြို့နယ်မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် (၃)ခုရှိ မသန်စွမ်းသူများထံ ယနေ့ နံနက် ၁၁ နာရီက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 09,2020
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ပိုစတာများကိုယမန်နေ့နံနက်ပိုင်းမှ စတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။
Oct 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့၌ ယနေ့နံနက်က ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံ နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။
Oct 09,2020
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အဝင်(တာဂွ)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က နေ့/ညမပြတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Oct 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်း စည်း (Mask)တပ်ဆင်ရေး