အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့ရှိ မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်ပြီး ပြည်သူလူထုများ အသိပညာဗဟုသုတ ရရှိနိုင်ရန်အတွက် ယနေ့၊ နံနက်(၉)နာရီ အချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သရုပ်ဖော်ရုပ်ပုံများ ပြသခြင်းဆောင်ရွက်သည်။
Oct 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ၊ မြို့မ(၂) နည်းပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ စောကြီး‌ကျေးရွာအုပ်စုတွင် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားသော မိုးစပါးရွှေဘိုပေါ်ဆန်း မျိုးစေ့ ထုတ်ကွက်များကို အောက်တိုဘာလ ၈ ရက်နေ့က စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
Oct 09,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို
Oct 09,2020
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် လုံးပတ် (၁၅) လက်မ၊ အရှည် (၁၂) ပေခန့်ရှိ စပါးကြီးမြွေတစ်ကောင်ကို ယနေ့နံနက် ၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက် (၅၅)၊ ၁၄ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ SUPER POINT ဘီယာဆိုင်၌ တွေ့ရှိခဲ့သည်။
Oct 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦသစ်ကို ယခုနှစ် ဖေဖေါ်ဝါရီ(၇)ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ရာ စက်တင်ဘာ (၃၀) ရက်နေ့က ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
Oct 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ခြင်း၊ ထိန်းချုပ်ကန့် သတ်ခြင်းအသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယမန်နေ့မနက်(၁၀)နာရီကမြို့လယ် အဝိုင်းနားတွင်ရှိသော မြေစိုက် နံရံကပ်ပြဘုတ်တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် ရုပ်ပုံများအား ပြသခဲ့ကြောင်း သိရသည်။
Oct 09,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်