အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်ကာလ အမှန်တကယ်ခက်ခဲမှုရှိသည့် အခြေခံပြည်သူများအား ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)နှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဖားကန့်)တို့မှဦးဆောင်ပြီး ဖားကန့်မှကျောက်မျက်ကုမ္ပဏီများစုပေါင်း ထောက်ပံ့လှူဒါန်း သည့် ဆန် ၂၄ ပြည်ပါ ဆန်အိတ်(၅၀၀၀)အား တစ်အိမ်ထောင် ဆန်(၆)ပြည်နှုန်းဖြင့် အိမ်ထောင်စုပေါင်း နှစ်သောင်းကို ယနေ့တွင် အိမ်တိုင်ရာရောက် စတင်ထောက်ပံ့ပေးလျက်ရှိသည်။
Oct 09,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည် စာရင်းများအား အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာ လျက်ရှိရာ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 09,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
Oct 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာနိုင်စေရေးနှင့် နှာခေါင်းစည်းတပ်ဆင်ထား ခြင်းမရှိသူများအား အခုဝယ်ယူ၊ အခုတပ်ဆင် အစီအစဉ်ဖြင့် ဒဏ်ငွေပေးဆောင်စေကာ နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးတို့ကို အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ကုက္ကိုဝတံတားအဆင်းနှင့် ထန်းတပင်တိုးဂိတ်တို့တွင်မြို့နယ် ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 09,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် “သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီလား” လက်ကမ်းစာစောင်ကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်မဲမြို့ မင်္ဂလာဈေး၊ ဘူတာဈေးနှင့် အခွန်လွတ်ဈေးတို့ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Oct 09,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Oct 09,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသားများနှင့် သင်တန်းနည်းပြများအား ကိုဗဟ် ၁၉ ရောဂါပိုး ရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီ အချိန်က အာခေါင်နှင့် နှားခေါင်းတို့ပတ် Swab နမူနာ (၃၀) ခုကို ရယူခဲ့ကြောင်း သိရသည်။
Oct 09,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်အထကကျောင်းရှိ Community Based Facility Quarantine Center စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာကို ယမန်နေ့ညနေ (၄) နာရီက ရယူခဲ့သည်။