Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ငူ၌ အထူးရဲသင်တန်းတက်ရောက်သူများအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခြင်း မရှိ (မရှိ)
Oct 09,2020
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ (၁၉၃) ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ Test Kit ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှယမန်နေ့နံနက်ပိုင်းက မြို့မရဲစခန်း အထူးရဲသင်တန်းကျောင်း၌ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်း မရှိ(မရှိ) ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် အခြေခံစားကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြပ်မတ်စစ်ဆေး ဆောင်ရွက်
Oct 09,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနေစဉ်ကာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း မဖြစ်စေရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံ ဆိုင်များအား ယမန်နေ့ ညနေ(၃)နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခေါသူးခီးကျေးရွာတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများဆောင်ရွက်
Oct 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ၊ ကလေးငယ်များ ကျန်းမာရေးအသိရှိစေရန် နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို လစဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ပိုင်းက ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စုရှိ ခေါသူးခီးကျေးရွာတွင် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ပေးအပ်
Oct 09,2020
ကိုဗစ်-၁၉ ကပ်ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့အရောက် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေး၀န်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
Oct 09,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက် ကျေးရွာအုပ်စု စာရေး၀န်ထမ်းများအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်တစ်သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်တွင်ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Oct 09,2020
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ ဝင်များသည်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့်လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၉) နာရီအချိန်ကပြည်သူများထံသို့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာရုပ်ပုံများနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ
Oct 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်နှင့် ပြဘုတ်တို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေး ရုပ်ပုံများနှင့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့၌ (၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 09,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ အလွယ်တကူ လေ့လာသိရှိနိုင်စေရန် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက အသိပညာပေး ပြသခြင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28894
Page
28895
Page
28896
Page
28897
Current page
28898
Page
28899
Page
28900
Page
28901
Page
28902
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department