Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျေးသီးမြို့နယ်၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်
Oct 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈ဝ)နှစ်နှင့်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယမန်နေ့က တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီက တောင်ဦးကျေးရွာ (၅)ရက်တစ်ဈေးသို့သွား ရောက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ပြီ…
Oct 09,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ရေးရာကော်မတီနှင့် ညောင်ဦးခရိုင်လူငယ်ကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီက တောင်ဦးကျေးရွာ(၅)ရက်တစ်ဈေးသို့ သွားရောက်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြပြီး၊ကျေးရွာ Quarantine Center များအတွက် ကျန်းမာရေး ပစ္စည်းများ လှူဒါ်န်းခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသောပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Oct 09,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့ နံနက် (၈) နာရီအချိန်၌ လူသွားလူလာများသော အောင်ချမ်းသာရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံ တွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိပ်ပိတ်ခြင်းများဆောင်ရွက်
Oct 09,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိပ်ပိတ်ခြင်းများ ဆောင်ရွက် ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 09,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေးတွင် ယနေ့နံနက်ပိုင်းက မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၅) ဖွဲ့အား PPE ဝတ်စုံနှင့် ခြေအိတ်များ ထောက်ပံ့ပေးအပ်
Oct 09,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ပေးနေကြသည့် အောင်မြေသာစံမြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၅) ဖွဲ့အား PPE ဝတ်စုံနှင့် ခြေအိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီခွဲ အချိန်က အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီမှ အခုဝယ်အခုတပ်စနစ်ဖြင့် ကြပ်မတ်၍ နှာခေါင်းစည်း (Mask) မတပ်ပဲ သွားလာသူ အလွန်လျော့နည်းလာ
Oct 09,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင် ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask) မတပ်ပဲ လမ်းသွား လမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ အောက်တို ဘာလထဲကစ၍ နှာခေါင်းစည်း(Mask)မတပ်ပဲသွားလာသူတို့ကို အခုဝယ်အခုတပ်စနစ်ဖြင့် ကြပ်မတ် လာခဲ့ခြင်း ကြောင့် ယခုအခါ မိုင်းယုဒေသရှိပြည်သူများမှာ နှာခေါင်းစည်း(Mask)မတပ်ပဲ သွားလာခြင်း အလွန်လျော့နည်းလာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ မြို့နယ်အတွင်းရှိအသက်(၈၀) နှစ်ပြည့်ပြီးအသက်(၈၅) နှစ်အောက် သက်ကြီးဘိုးဘွားများအားအိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Oct 09,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် နိုင်ငံတော်အစိုးရအနေဖြင့် အသက်(၈၀) နှစ်ပြည့်ပြီးအသက်(၈၅) နှစ်မပြည့်သေးသောသက်ကြီး ဘိုးဘွားများအားအိမ်ရာရောက် ထောက်ပံ့ပေး အပ်ခြင်း ကိုယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များနှင့် စာရေးများ က သွားရောက်ထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28895
Page
28896
Page
28897
Page
28898
Current page
28899
Page
28900
Page
28901
Page
28902
Page
28903
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department