အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
မကွေးတိုင်းဒေကြီး နတ်မောက်မြို့နယ် စစ်ဆေးရေးဂိတ်များ၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် တွင်း မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit များနှင့် Swab ယူစစ်ဆေးရာ ပိုးမ‌ တွေ့ရှိကြောင်းသိရသည်။
Oct 08,2020
ရေစကြိုမြို့နယ်က တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထွက်ခွာမည့် ကုန်တင် မော်တော် ယာဉ် မောင်း/ ယာဉ်နောက် လိုက်များကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်က စတင် ပြီး Test Kit ဖြင့် စစ်ဆေးလျက်ရှိသည်။
Oct 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊အရာတော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်း နှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား အသိပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ၊အသံချဲ့စက်များဖြင့် ရပ်ကွက်ကျေးရွာများအထိ ကွင်းဆင်း လှည့်လည် အသိပညာပေး ကြေညာခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီခွဲမှ စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 08,2020
ယင်းမာပင်ခရိုင် ကနီမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ ကမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးနိုင်နှင့်ဝန်ထမ်းများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
Oct 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် မိုးစပါး RS-CS မျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧက ဆောင်ရွက်လျက်ရှိရာ တုံတာမြို့၊ ရပ်ကွက် (၄)ရှိ တောင်သူ ဒေါ်နန်းကောင်ရှဲန်၏ ရွှေရင်အေး မျိုးစေ့ ထုတ် စိုက်ခင်း၌ အောက်တိုဘာလ ၇ရက်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်း ဆောင်ရွက် ခဲ့သည်။
Oct 08,2020
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထား မှုကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး(၁၀၃)ရုံးတို့တွင်ကပ်ထား ကြေညာထားရှိမှုကို အောက်တိုဘာ၁ရက်နေ့ နံနက်ပိုင်းမှစတင်ကာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။