အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာတစ်ဦး သက်သာပျောက်ကင်းသဖြင့်၊ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ဆေးရုံကဆင်းခွင့်ရရှိခဲ့ကြောင်း သိရပြီး၊ ၎င်းအား စိတ်ဓာတ်ခွန်အား ဖြစ်စေရန်အတွက် COVID-19 Volunteer (Kyaukpadaung) လူငယ်များနှင့် ကျေးရွာလူငယ်များ က ဆေးရုံအထွက်တွင် အားပေးခဲ့ကြ ကြောင်းသိရသည်။
Oct 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း မလိုအပ်ဘဲ အပြင်မထွက်ရန် ကန့်သတ်မှုများ ဆောင်ရွက်ထားသဖြင့်
Oct 08,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည၆ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 08,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်အတွင်း အဖိုးအဖွား ၁၄၃၆ ဦးအတွက် ထောက်ပံ့ငွေကျပ် သိန်း ၄၃၀ ကျော်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Oct 08,2020
ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ Donated by Friend from Singapore အဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်ပညာရေး ကျောင်းများသို့ အဝတ်နှာခေါင်းစည်း (Cloth Mask) များကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။