အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကျေးလက်ပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံး ရေများတွင် ဘက်တီရီးယား ပါဝင်မှု ရှိ/မရှိ သိနိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြကြောင်းသိရသည်။
Oct 08,2020
မကွေးမြို့အဝင် မကြီးကန် ကုန်ကား စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအချိန်အထိ ကုန်တင်ယဉ် အဝင်အထွက် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ကိုဗစ် အမြန် rapid test kit အသုံးပြု စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ(၃)ဦး တွေ့ရှိခဲ့ကြောင်း မကွေးမြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။
Oct 08,2020
တာချီလိတ်မြို့အခြေစိုက် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီလီမိတက်နှင့် တာချီလိတ်နဂါးမင်း ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ တာချီလိတ်မြို့နှင့် မိုင်းဖြတ်မြို့ အစိုးရဌာနအချို့မှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလ၌ အခြေခံစားသောက်ကုန်များကို ယမန်နေ့က သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
Oct 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီလီမိတက် နှင့်တာချီလိတ်နဂါးမင်းကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲ အချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 08,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာ အုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ တစ်ဦးလျှင်ငွေကျပ်တစ်သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တိုးချဲ့ဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။