အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (ကုန်တင် ယာဉ်မောင်း) နှင့် ဆက်စပ်သူ (၂၂)ဦးကို အောက်တိုဘာ ၆ ရက်နေ့ (ယမန်နေ့) ညပိုင်းမှစ၍ မင်းဘူးမြို့ အ.ထ.က (၂) ကျောင်းနှင့် ရွာသာကျေးရွာ အ.မ.က ကျောင်းတို့၌ Facility Quarntine ထားရှိကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်ကံက ပြောသည်။
Oct 07,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းပိတ်ထားချိန် မိဘနှင့် သားသမီး ပြုစုစောင့်ရှောက်ရေး နည်းလမ်းကောင်းများ
Oct 07,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​ အောင်မြင် စွာကျင်းပနိုင်ရန်အတွက် ကြိုတင်မဲလက်မှတ် ၁-၁ ၊ ၁-၂ ၊ ၁-၃ ၊တို့ကို ထည့်မည့်မဲပုံးအား အများပြည်သူနှင့် ပါတီကိုယ်စားလှယ် များ​ရှေ့​မှောက်၌ လုံခြုံ​ရေးကြိုးဖြင့် ချိတ်ပိတ်ပြသ​ခြင်းကို ယ​နေ့နံနက် ၁၁နာရီက ကျိုက်မ​ရောမြို့နယ်​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးခန်းမ၌ပြုလုပ်ခဲ့သည်။
Oct 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို‌ အောက်တိုဘာလ (၁) ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်း၀င်းက သင်တန်းသားများ၊ တာ၀န်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Oct 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို‌ အောက်တိုဘာလ (၁) ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန်း၀င်းက သင်တန်းသားများ၊ တာ၀န်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Oct 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကိုတို့က အ.ထ.က(မိုင်းဖြတ်)နှင့် အ.ထ.က (ဟိုနား) ကျောင်းများ တွင် Facility Quarantine ခံယူနေသူ ဆရာ၊ ဆရာများအတွက် အလှူငွေ ကျပ်သိန်း နှစ်ဆယ်ကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့် က အ.ထ.က(မိုင်းဖြတ်) ကျောင်းတွင် သွားရောက် လှူဒါန်းခဲ့သည်။
Oct 07,2020
ကချင်ပြည်နယ်၏ ဝင်ပေါက်တစ်ခုဖြစ်ဖြစ်ပြီး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် တောင်ဘက်ပိုင်းရှိ စစ်ကိုင်းတိုင်းနှင့် နယ်စပ်အနီးတွင် ဖွင့်လှစ်ထားသည် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၉ ရက်နေ့မှစ၍ ပြည်နယ်အတွင်း ဝင်ရောက်လာသူ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား (COVID-19 Antigen Rapid Test Kit)များဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပြီး ရောဂါပိုးမရှိမှသာ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီထံမှ သိရသည်။
Oct 07,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား