Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ဥက္ကလာပမြို့နယ်တွင် အရေးကြီးကိစ္စမှ အပ မလိုအပ်ဘဲ ယာဉ်များ ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး အသိပေးစစ်ဆေးဆောင်ရွက်
Oct 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ အရေးကြီးကိစ္စမှအပမလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်းမရှိစေရေးအသိပေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ Stay at Home ကာလအတွင်း “လှုပ်လှုပ်ရှားရှား လူထုအားကစား” ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်
Oct 07,2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၌ ကိုဗစ်-19 ထိန်းချုပ်မှုကာလအတွင်း Stay at Home နေကြသည့် ပြည်သူများအတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ “လှုပ်လှုပ်ရှားရှား လူထုအားကစား”အစီအစဉ်ကို ပြိုင်ပွဲ၊ ပွဲစဉ်၉ခုဖြင့် ကျင်းပဆောင် ရွက်သွားမည်ဖြစ်၍ ပြည်သူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကို ဖျာပုံခရိုင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက facebook page များမှ ဖိတ်ခေါ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖရူဆိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြင့်သင်တန်း ဖွင့်လှစ်
Oct 07,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင်မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်ကပ်ထားကြေညာ
Oct 07,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နောက်ဆုံးအကြိမ်မဲစာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှစ၍ (၁၄)ရက်နေ့ထိ (၁၄)ရက်ကြာကပ်ထားကြေညာပြီး ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ် ကိုဗစ်ကော်မတီသို့ PPE ဝတ်စုံနှင့် အလှူငွေများလှူဒါန်း
Oct 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ PPEဝတ်စုံများနှင့် အလှူငွေလှူဒါန်းမှုကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 07,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားပေးမှု အခြေအနေများကို ပြည်သူများ သိရှိနိုင်စေရန်အတွက် လော်စပီကာဖြင့် နှိုးဆော်ပေးခြင်း ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပင်းတယမြို့ယာယီဈေးနှင့် လမ်းဆုံနေရာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အလုပ်အကိုင်ပျက်၍ ဝင်ငွေနည်းပါးသူများ၏ စားသောက်ရေး အခက်အခဲကြုံတွေ့မှုကြောင့် အလှူရှင်များ လိုအပ်နေ
Oct 07,2020
လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာ များပြားလာလျက်ရှိပြီး Stay at Home ကာလအတွင်း အလုပ်အကိုင်ပျက်၍ ဝင်ငွေနည်းပါးသူများနှင့် မရှိနွမ်းပါး အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိရာ အဆိုပါ ပြည်သူများ၏ စားသောက်ရေးကိစ္စ အဆင်ပြေစေရေး အတွက် ပရဟိတများနှင့် စေတနာရှင်များက တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့မှုများရှိသလို၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ ဒေသခံပြည်သူများ၏ အခက်အခဲများကြောင့် ထောက်ပံ့လှူဒါန်းနိုင်ရန် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။ ဓာတ်ပုံ- သပြေကုန်းကျေးရွာရှိ မသန်စွမ်းကလေးငယ်များကို အလှူရှင်တစ်ဦးက လိုက်လံ လှူဒါန်းပေးနေစဉ်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ဒုတိယအကြိမ်မျိုးကွဲနုတ်ပယ်ခြင်း…
Oct 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan - CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် ဒုတိယ အကြိမ် မျိုးကွဲနုတ်ပယ်ခြင်းအား ယနေ့ နံနက် ၈ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု ၊ မိုင်းယွန်း ကျေးရွာ ရှိ တောင်သူ ဦးစိုင်းဝ၏လယ်ကွင်း၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် နှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28928
Page
28929
Page
28930
Page
28931
Current page
28932
Page
28933
Page
28934
Page
28935
Page
28936
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department