အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2020
ထိုသို့သောက်သုံးရေများ ဖြန့်ဝေပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းရွှေတို့က ရေဘားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုနှင့် တာဝန်ရှိသူများ၊ မြို့နယ်တည်ဆောက်ရေးကော်မတီ ဝင်များက ရေကန်တည်ဆောင်ထားရှိမှု၊ ရေများဖြန့်ဝေပေးနေမှုများကို ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် အိမ်ခြေပေါင်း ၉၀ခန့်ကို သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Oct 07,2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူ များ၏ ကောက်စောစပါးရိတ်သိမ်းထွက်ရှိမှုအခြေအနေ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမှု ကိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Oct 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်ပညာရေးဌာန ဝန်ထမ်းများ၊ ဆရာဆရာမများမှ အလှူငွေကျပ်(၁၈၈၀၀၀၀/-)အား ယနေ့န့နက် ၁၀နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
Oct 07,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်၊ မဲရုံများတွင် လုံခြုံတာဝန်ထမ်ဆောင်မည့် အထူးရဲများ သင်တန်းကို တိုင်းဒေသကြီး အတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး​ဌာန၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်များတွင် ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
Oct 07,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ် ၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ နေ့လယ် ၁၀ နာရီအချိန်တွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Oct 07,2020
မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာနေရသည့် ပြည်သူများ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာကြရန် အသိပညာပေးလုပ်ငန်းကို ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့မရဲစခန်းရှေ့နှင့် ပေါင်းလောင်းမြို့ စစ်ဆေးရေးဂိတ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
Oct 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းပေါ်ရှိ အင်းစိန်(GTI) Quarantine Center တွင်ရှိသော သံသယလူနာများစာသုံးရန်အတွက် အလှူရှင်များ စုပေါင်း၍ အသင့်စားသောက်ရန် ထမင်းဗူး(၃၁၂)ဗူးနှင့်အင်းစိန်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေသော ဆရာဝန်၊ ဆရာမများအတွက် အသင့်စားထမင်းဗူး(၈၀၀)ကို ယနေ့ နံနက်(၉)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။