Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တပ်ကုန်းမြို့၌ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား နှာခေါင်းနှင့်အာခေါင်တို့ဖတ် စစ်ဆေးဆောင်ရွက်ပေး
Oct 03,2020
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ကြီးကြပ်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်လွန့်ကျေးရွာအုပ်စုအတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်း တွင် ရောက်ရှိသည့်ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီမှ ည ၁၀နာရီခွဲထိ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၊ဆေးခန်းဝန်းတွင် စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပေးပန်ကြားချက် ထီးလင်း၌ စဉ်ဆက်မပြတ် နှိုးဆော်
Oct 03,2020
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် အဆိုပါရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပေးပန်ကြားချက်များအား လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် ၇ နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
Oct 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီးတွင် တရားမဝင်ထင်းရှူးခွဲသား ၂၀.၉၄၀၆ တန် ကို ယမန်နေ့ နံနက် ၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမ…
Oct 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ် အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မလားကျေးရွာနှင့်ရွှေတိုက်ကျေးရွာတို့အား ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေများ ထောက်ပံ့ ပေးအပ်
Oct 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မလားကျေးရွာနှင့် ရွှေတိုက်ကျေးရွာတို့တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရန်ပုံငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀) နှစ်မှ (၈၅)အတွင်း ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
Oct 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ ငွေများကို ယမန်နေ့နှင့်ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲ မြို့မဈေး၌ ရောင်းချနေသော အသားငါးများ၊ ကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်နှင့် အညီရောင်းဝယ်နေမှုရှိမရှိကြပ်မတ်ကြည့်ရှုစစ်ဆေး
Oct 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲ မြို့မဈေး၌ ရောင်းချနေသော အသားငါးများ၊ ကုန်ပစ္စည်းများအား စျေးကော်မတီ၊ စျေးရောင်း၊ စျေးဝယ်သူများ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ညွန်ကြားထားသည့်အတိုင်း လိုက်နာရောင်းဝယ်နေမှု ရှိမရှိ ကြပ်မတ်ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine နေရာ၌ စောင့်ကြည့်ထားရှိ
Oct 03,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29070
Page
29071
Page
29072
Page
29073
Current page
29074
Page
29075
Page
29076
Page
29077
Page
29078
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department