အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (ဒုတိယ)အကြိမ် မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်(၂) တောင်သူဦး ဝင်းကြိုင် လယ်ကွင်း၌ ဆောင်ရွက်ခဲ့သည်။
Oct 03,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်(ဇူလှိုင်၊ဩဂုတ်၊စက်တင်ဘာ)လအတွက် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ကြေး နှင့် ကိုဗစ်-၁၉ ကာလအတွင်း သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Oct 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (Stay at Home) ထုတ်ပြန်ထားသော ကာလအတွင်း ပြည်သူများအနေဖြင့် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူရာတွင် ခက်ခဲမှုမရှိစေရန်နှင့် စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်၍ ယမန်နေ့မနက်ပိုင်းကစတင်ပြီး ဈေးကားတစ်စီးဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ လိုက်လံရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
Oct 03,2020
ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အနေဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက ပြည်ကြီးမဏ္ဍိုင်မြို့ လမ်းဆုံ၌ လမ်းသွားလမ်းလာ နှင့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းပေးခြင်း၊ ပညာပေး လက်ကမ်း စာစောင်နှင့် Maskများ အခမဲ့ဖြန့်ဝေခဲ့သည်။
Oct 03,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် မောက်မယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် နောက်ဆုံးအကြိမ် အခြေခံ မဲဆန္ဒရှင်အမည်စာရင်း ကပ်ထား ကြေညာခြင်းနှင့် မဲရုံနေရာများကို ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာအုပ်စုရှိ ကျေးရွာများသို့များသို့ သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Oct 03,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လျှပ်စစ်ကြိုးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေး အန္တရာယ် ကာကွယ်ရေး စစ်ဆေးခြင်းကို ယနေ့နံနက်က ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း အိမ်ယာများသို့ လိုက်လံ စစ်ဆေး​ ဆောင်ရွက်သည်။
Oct 03,2020
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၈)ဦးအား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။