အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ ထားရှိသည့် Quarantine Centre များတွင် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန်အတွက် စေတနာရှင်များမှ အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့က အ.ထ.က(၁) Quarantine Centre သို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် စက်တင်ဘာလ ၃၀ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒါဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသဖြင့် ရွှေဘိုခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မီးဘေးသင့် ပြည်သူများထံ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Oct 03,2020
စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး စပ်ဆက်ပစ္စည်းများအား ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ ပရဟိတအဖွဲ့များသို့ ပြန်လည် ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်က စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 03,2020
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင်/ အထွက် စစ်ဆေးရေး ဂိတ်များတွင် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် နှင့်အဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 03,2020
ရွှေတောင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးကို မဲစာရင်းများ လာရောက်ကြည့်ရှု နိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
Oct 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံများထပ်တိုး ဆောင်ရွက်ထားကြောင်း သိရသည်။
Oct 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြောက်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 03,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၀ နှစ်မှ အသက် ၈၅ နှစ်အောက် အဘိုးအဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့ပေါ် ရပ်ကွက်များမှ အဘိုးအဘွား (၄၉)ဦးအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။