အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်ပြည်သူ များ  လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး အတွက်  မဲရုံအသီးသီးတွင်  တာဝန် ထမ်းဆောင်ကြမည့်  အထူးရဲ(၂၄)ဦးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အထူးရဲသင်တန်းကို အောက်တိုဘာ ( ၁ )ရက် နေ့ မှ အောက်တိုဘာ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်(၁)လမ်းနေ အလှူရှင်မိသားစုမှ  ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ယင်း ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်‌ေ
Oct 04,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးအတွက် မဲရုံစောင့်အထူးရဲများ သင်တန်းကို  အောက်တိုဘာလ (၁)ရက်နေ့တွင် ဟုမ္မလင်းမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 04,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက် နေ့မှ စတင်၍ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်  ကပ်ထားကြေညာ ပေးထား ကြောင်း သိရသည်။
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် နှစ်လ မှ တစ်နှစ်ခွဲထိ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပုံမှန်ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
Oct 04,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ အသိပေးထုတ်ပြန် ကြေညာခြင်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစ်စား လာရောက်ကြည့်ရှုကြကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 
Oct 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်တွင်နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ စတုတ္တအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ ငွေများကို ပြည်သူများ လက်ဝယ်အရောက် ယမန်နေ့နံနက် (၁ဝ)အချိန်ခန့်က သွားရောက်ထောက်ပံ့ပေးခဲ့သည်။
Oct 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရမှ(တတိယ) အကြိမ် ထောက်ပံ့ပေးအပ်သော ငွေကျပ် ၂၀၀၀၀အား တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ယမန်နေ့ နံနက်၁၀နာရီခန့်က တုံတာမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ပေးအပ် ​ခဲ့ကြသည်‌။