Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မလှိုင်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးနိုင်စေရေး ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံ အဆင့်မြှင့်တင် တည်ဆေ…
Oct 04,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြိုနယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးနိုင်စေရန် ၃၃/၁၁ကေဗွီ (၅)အမ်ဗွီအေ(၂)ခုမှ ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မိတ္ထီလာခရိုင်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအား ထောက်ပံ့
Oct 03,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ယခုနှစ် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့များအား ရိက္ခာထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လောက်ကိုင်မြို့နယ်အတွင်းရှိ သာသနာပြုကျောင်းတိုက်သို့ အလှူငွေများ ဆက်ကပ်လှူဒါန်း
Oct 03,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် နားပန်ကျေးရွာ ၊ သာသနာပြုကျောင်းတိုက်ရှိ သံဃာတော်များအတွက် ငွေကျပ်(၅၀)သိန်းအား ယမန်နေ့ နံနက် (၁၀)နာရီက လောက်ကိုင်မြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသိန်းဌေးအောင်နှင့် တာဝန်ရှိသူများက လှူဒါန်းပေးအပ်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒပဝရဓဇက လက်ခံရယူပေးကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့၏ ချစ်ကြည်ရေးစီမံကိန်းဖြင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၀၀ရာခိုင်နှုန်းပြီး…
Oct 03,2020
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့၏ ချစ်ကြည်ရေး စီမံကိန်းဖြင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၂၀၁၅ခုနှစ်မှ အရှိန်အဟုန်မြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ်တွင် လုပ်ငန်းအားလုံး၏ ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမီးပွိုင့်အနီးတွင် Stay at Home ကာလ ယာဉ်စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်
Oct 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက (င)ရပ်ကွက်၊ မြောက်ဥက္ကလာပအဝိုင်း မီးပွိုင့်အနီးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၉ ဦးထိ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီဖြစ်
Oct 03,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၃၅ ဦးအနက်မှ ယနေ့အထိ ၁၉ ဦး ဆေးရုံမှဆင်းပြီး တောင်ပြိုကျေးရွာ နေအိမ်၌ နေထိုင်လျက်ရှိကြောင်း အဆိုပါကျေးရွာတာဝန်ခံထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန် ကြေညာမှု ကြည့်ရှုစစ်ဆေး
Oct 03,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှစ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
Oct 03,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က ဖရူဆိုမြို့ မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29121
Page
29122
Page
29123
Page
29124
Current page
29125
Page
29126
Page
29127
Page
29128
Page
29129
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department