အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဖား​ဆောင်းပူး​ပေါင်း စစ်ဆေးရေး ဂိတ်နှင့် မော်ချီး အမှတ်(၂) ပူး​ပေါင်းစစ်​ဆေး​ရေး ဂိတ်များတွင် တာဝန်ထမ်းဆောင်​နေသည့် ဝန်ထမ်းများအတွက် စားစရိတ် ထောက်ပံ့ခြင်းနှင့်​ ထောက်ပံ့ပစ္စည်းများကို ယမန်​​နေ့က သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Oct 03,2020
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ မြို့မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် စုရပ်အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 03,2020
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ကြီးကြပ်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်လွန့်ကျေးရွာအုပ်စုအတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်း တွင် ရောက်ရှိသည့်ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီမှ ည ၁၀နာရီခွဲထိ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၊ဆေးခန်းဝန်းတွင် စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။
Oct 03,2020
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် အဆိုပါရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပေးပန်ကြားချက်များအား လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် ၇ နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီးတွင် တရားမဝင်ထင်းရှူးခွဲသား ၂၀.၉၄၀၆ တန် ကို ယမန်နေ့ နံနက် ၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။
Oct 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ် အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
Oct 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မလားကျေးရွာနှင့် ရွှေတိုက်ကျေးရွာတို့တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရန်ပုံငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Oct 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ ငွေများကို ယမန်နေ့နှင့်ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။