Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘောလခဲ မြို့မဈေး၌ ရောင်းချနေသော အသားငါးများ၊ ကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်နှင့် အညီရောင်းဝယ်နေမှုရှိမရှိကြပ်မတ်ကြည့်ရှုစစ်ဆေး
Oct 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲ မြို့မဈေး၌ ရောင်းချနေသော အသားငါးများ၊ ကုန်ပစ္စည်းများအား စျေးကော်မတီ၊ စျေးရောင်း၊ စျေးဝယ်သူများ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ညွန်ကြားထားသည့်အတိုင်း လိုက်နာရောင်းဝယ်နေမှု ရှိမရှိ ကြပ်မတ်ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine နေရာ၌ စောင့်ကြည့်ထားရှိ
Oct 03,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းခွဲကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ ကိုဗစ် ၁၉ စီပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (ဒုတိယ)အကြိမ် မိုးစပါးမျိုးကွဲ နုတ်ပယ်ခြင်းဆောင်ရွက်
Oct 03,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သော (ဒုတိယ)အကြိမ် မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်(၂) တောင်သူဦး ဝင်းကြိုင် လယ်ကွင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၈၀၉ ဦးအတွက် နိုင်ငံတော်မှ ငွေကျပ်(၄၈၅)သိန်းကျော် ထောက်ပံ့ပေးအပ်
Oct 03,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်(ဇူလှိုင်၊ဩဂုတ်၊စက်တင်ဘာ)လအတွက် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ကြေး နှင့် ကိုဗစ်-၁၉ ကာလအတွင်း သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ (Stay at Home)ကာလအတွင်း ပြည်သူများ အဆင်ပြေစေရန် ဈေးကားထွက်၍ ရောင်းချပေး
Oct 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (Stay at Home) ထုတ်ပြန်ထားသော ကာလအတွင်း ပြည်သူများအနေဖြင့် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူရာတွင် ခက်ခဲမှုမရှိစေရန်နှင့် စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်၍ ယမန်နေ့မနက်ပိုင်းကစတင်ပြီး ဈေးကားတစ်စီးဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ လိုက်လံရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Mask အခုရေ (၅၀၀၀၀)လှူဒါန်းခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့…
Oct 03,2020
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ Mask အခုရေ(၅၀၀၀၀)လှူဒါန်းပွဲနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့၌ လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 03,2020
ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အနေဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက ပြည်ကြီးမဏ္ဍိုင်မြို့ လမ်းဆုံ၌ လမ်းသွားလမ်းလာ နှင့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းပေးခြင်း၊ ပညာပေး လက်ကမ်း စာစောင်နှင့် Maskများ အခမဲ့ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောက်ဆုံးအကြိမ် အခြေခံမဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာမှုအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး
Oct 03,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် မောက်မယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် နောက်ဆုံးအကြိမ် အခြေခံ မဲဆန္ဒရှင်အမည်စာရင်း ကပ်ထား ကြေညာခြင်းနှင့် မဲရုံနေရာများကို ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာအုပ်စုရှိ ကျေးရွာများသို့များသို့ သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29124
Page
29125
Page
29126
Page
29127
Current page
29128
Page
29129
Page
29130
Page
29131
Page
29132
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department