အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အ-ထ-ကကျောင်း ရွှေရတုနှစ်ထပ်ဆောင်တွင် မြို့နယ် ပြင်ပရောက် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား Facility Quarantine ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင် ထားမှုများကို ယနေ့ နံနက် ၈နာရီ က ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်း/ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဈေးရောင်း/ဈေးဝယ်ခြင်းရှိ/မရှိ
Oct 02,2020
ကသာမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို သီးသန့်လူနာ ဆောင် (Isolation Unit) တွင် ထားရှိ၍ အထူးကြပ်မတ်ကုသပေးလျက် ရှိရာ အောက်တိုဘာ (၂) ရက်နေ့တွင် အတည်ပြုလူနာ (၂)ဦးအနက် (၁) ဦးမှာ ကျန်းမာလာ၍ ဆေးရုံမှ ဆင်းပေးခဲ့ ကြောင်း သိရှိရပါသည်။
Oct 02,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံ ကပ် ဘုတ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသထားကြောင်း သိရသည်။
Oct 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်သုံးခွမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိမဲရုံးများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ယခုလ ၁ ရက် နေ့မှ ၁၄ ရက်နေ့အထိ ၁၄ ရက်ကြာ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ရုံးများ၌ ကြေငြာကပ်ထား ပေးလျက်ရှိသည်။
Oct 02,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည် စာရင်းများကို ယမန်နေ့ နံနက်မှ စတင်၍ မြို့နယ်အလိုက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရုံးများတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် အသိပေး ကြေညာထားလျက် ရှိကြောင်း သိရသည်။