အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဇာတိမာန် ခန်းမ၌ကျင်းပခဲ့သည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် အခြေခံပညာဦးစီးဌာမှ ဖွဲ့စည်းထားသည့် မြို့နယ်ကိုဗစ်-၁၉ ကူညီကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့်ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း၌ Facility Quarantine Center အဖြစ် ဖွင့်လှစ်၍ ထားရှိသော စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Oct 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းကို အောက်တိုဘာ ၁ ရက်မှစ၍
Oct 02,2020
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်တောင်စုခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော၊ စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုလုပ်ငန်းမှာ ယခု အခါ (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရှိရသည်။
Oct 02,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ Online ပုံပြင်ပြောပြခြင်း အစီအစဉ်ကို ယနေ့နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နွားထိုးကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်က လေးစာဖတ်ခန်းတွင် “သားသမီးတွေကို ကာကွယ်ပေးတဲ့လိပ်မေမေ”ဟူသော ခေါင်းစဉ်ဖြင့်Online ပုံပြင်ပြောပြခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 02,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ သန်လျင် အ.ထ.က(၁) ရတနာရှင်းသန့်ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။