Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုလောမြို့နယ် ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၉)နာရီက ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများအား ကြေညာပေး
Oct 02,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယ အကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို ယမန်နေ့ နံနက်မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးများတွင် အများပြည်သူကြည့်ရှုနိုင်ရန် အသိပေးကြေညာထားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စနစ်တကျဆောင်ရွက်ရေး အစည်းအဝေးကျင်းပ
Oct 02,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့တွင် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း ဒုတိယအကြိမ် မဲစာရင်းများအား ထုတ်ပြန်ကြေညာ
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အား ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာကပ်ထားခြင်းကို ရပ်ကွက်/ကျေးရွာများရှိ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ (၁) ရက်နေ့နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာ ထားရှိပြီး အဆိုပါထုတ်ပြန်ကြေညာထားရှိမှုများအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရီနှင့် အဖွဲ့ဝင်များက နယ်မြေများခွဲခြားသတ်မှတ်၍ ကွင်းဆင်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၊ လမ်းပြကြယ် ငွေစုငွေချေးသမဝါယမအသင်းရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆောင်ရွက်
Oct 02,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းရုံး၌ ယမန်နေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်း ဖွင့်လှစ်
Oct 02,2020
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရုံးကွက်သစ် အ.မ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ်ထားကြေညာ ခြင်းကို ယနေ့မန်နံနက်ပိုင်းမှစတင်၍ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်း အသက် ၈၀ မှ ၈၅ နှစ် ရှိ သက်ကြီး ဘိုးဘွားများတွက် ထောက်ပံ့ငွေများပေးအပ်
Oct 02,2020
စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် လူမှု၀န်ထမ်းဦးစီးဌာနက ရေဦးမြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်မှ ၈၅ နှစ် ရှိ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုသက်ဆိုင်ရာ တာဝန်ရှိ သူ များက ရပ်ကျေးအုပ်ချုပ်ရေးမှုးများထံ ယနေ့ နံနက် ၁၀ နာရီကလွှဲပြောင်းပေး အပ်ခဲ့ကြ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29141
Page
29142
Page
29143
Page
29144
Current page
29145
Page
29146
Page
29147
Page
29148
Page
29149
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department