အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို ယမန်နေ့ နံနက် ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
Oct 02,2020
ဝေါမြို့နယ်တွင် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေများလာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 02,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ ကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကပ် ထားကြေညာကြောင်း သိရသည်။
Oct 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်းကို ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များ၌ ကပ်ထားကြေညာထားကြောင်း သိရ သည်။
Oct 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၆၉)ဦး၏ Swab နမူနာများအား အကြိမ်(၂၀)မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရ သည်။
Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စစ်ဆေးချက်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၅)ဦး ထပ်မံတွေ့ရှိခဲ့၍ ရောဂါပိုးတွေ့ရှိသူများကို မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသပေးလျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂ ရက် နံနက် ၁၀ နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
Oct 02,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေး တာဝန်ပေးအပ်နိုင်ရေး အတွက်ရွှေတောင်မြို့နယ်၌ အထူးရဲသင်တန်းဖွင့်ပွဲကို၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကြာနီကန်ကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။