အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် အမည်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတွင် ယနေ့မှစတင်၍ ကပ်ထား ကြေညာ ထားကြောင်းသိရသည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး  ၊  မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာအုပ်စုတွင် အသက်(၈၀)နှစ်ပြည့် ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန   ၊  လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအတွင်း  ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းက ဘိုး ဘွားများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
Oct 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဒုတိယအကြိမ် မဲဆန္ဒ ရှင်စာရင်းကြေညာခြင်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာ လျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ အမည်စာရင်းများကို ယမန်နေ့မနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ
Oct 02,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
Oct 02,2020
ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်းမြင့်နေချိန်တွင် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon တွင် ပါဝင်သည့် သပြေညိုပညာဒါနမှ အသင်းသားများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  ရတနာသီရိစျေးတွင် ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ရေး Mask Camping ကို ပြုလုပ်ခဲ့ကြသည်။
Oct 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက် နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။