အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီတာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိနေရာဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု (၂၀)ဦးမှာ ယမန်နေ့ ညနေ (၆)နာရီအချိန်တွင် လားရှိုးမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းများကို အောက်တိုဘာ ၁ ရက်က ဂန့်ဂေါမြို့တွင် စတင်ဖွင့်လှစ်ရာ ရှေးဟောင်းသမိုင်းဝင် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးစေတီတော်အနီးရှိ သာသနာ့ဗိမာန်တွင် ဖွင့်လှစ် သည့်သင်တန်း၌ သင်တန်းသား ၆၃ ဦးတို့သည်လည်းကောင်း၊ မြောက်ကုန်းရပ်ကွက် အလက တွင် ဖွင့်လှစ်သည့် သင်တန်း၌ သင်တန်းသား ၄၀ ဦးတို့သည်လည်းကောင်း တက်ရောက်လျက်ရှိကြောင်း သိရသည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
Oct 02,2020
ရန်ကုန်‌‌ ‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်း မှစတင်ကာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌  ဒုတိယအကြိမ် အဖြစ်  ကြေညာထား လျက်ရှိကြောင်းသိရသည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့၊ နံနက် (၇) နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမိတာရာမရဲကျောင်းတိုက်နှင့် သက်ဆိုင်ရာကျေးရွာများတွင် တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ   မြို့ပေါ်( ၇ ) ရပ်ကွက်အတွင်းရှိ မွေးစမှ တစ်နှစ်ခွဲအထိ ကလေးများအား  လစဉ်ပုံမှန် ကာကွယ် ဆေး ထိုး ခြင်း ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ( ၉ ) နာရီခန့်ကထိုးနှံ ၊ တိုက်ကျွေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးရာတွင်  မွေးစမှ တစ်နှစ်ခွဲအထိကလေးများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျော  (ရိုတာ)  နှင့် ပိုလီယို ကို တိုက်ကျွေးပေးခဲ့ပြီး  ပြင်းထန်အဆုတ်ရောင် ၊ ဆုံဆို့-ကြက်ညှာ -မေးခိုင်-     အသည်းရောင် အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင်( ငါးမျိုးစပ်ကာကွယ်ဆေး) နှင့် ဝက်သက်ရောဂါ  ကာကွယ်ဆေးများ ကို ထိုးနှံပေးခဲ့သည်။
Oct 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ နောင်တရားမြို့ အမှတ် (၁)၊ အမှတ်(၂)၊ အမှတ် (၃) ရပ်ကွက်များ၊ မင်းဘူး၊ ပင်လောင်းကြီး၊ ပင်မွန်းကျေးရွာအုပ်စုတို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ဥပဒေအရာရှိ ဦးနိုင်လင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းလင်းတို့က မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအခြေအနေကို ယနေ့ နံနက်ပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။