Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုပန်မြို့ရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းကြေညာ
Oct 02,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေး အတွက် ဟိုပန်မြို့ရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲစာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာသို့ မြန်မာ့ဩဘာလုပ်ငန်းစုမှ အလှူငွေနှင့် လုပ်ငန်းသုံး ပစ္စည်းများ လှူဒါန်း
Oct 02,2020
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ (၃)ရက်နေ့မှစတင်၍ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် နေရာကန့်သတ်စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြန်မာ့ဩဘာလုပ်ငန်းစုကုမ္ပဏီမှ အဆိုပါ စင်တာတွင်အသုံးပြုရန် အလှူငွေကျပ်(၅၀၀၀၀ဝိ/)(ငါးသိန်းကျပ်) ၊ H2O2 ပိုးသတ်ဆေး (၁လီတာ ဗူး)(၃၀)ဗူးနှင့်ဩဘာတံဆိပ် နှာခေါင်းစည်း(Mask)အခုရေ (၁၂၀)ကို လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးနှင့် ကြီးကြပ်ရေး အဖွဲ့များက လက်ခံရယူခဲ့ပြီး အလှူရှင်မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်ခရိုင်၊ ၁၀၅မိုင်ကျေးရွာ၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်(Take away)စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Oct 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ၁၀၅မိုင်(မိုင်းယု)ကျေးရွာ၌ ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်(Take away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ကျေးလက်ကျန်းမာရေးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ ယမန်နေ့နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများလာရောက်ကြည့်ရှုနိုင်ရေး ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာ
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေးကို မဲစာ ရင်းများ လာရောက်ကြည့်ရှုနိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက စတင်၍ သက် ဆိုင်ရာ၊ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာ
Oct 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အတွက် မိုးညိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာများတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 02,2020
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ဖြူစင်ပဒုမ္မာလှူဒါန်းသူများ အဖွဲ့နှင့် "ဂျွန်းဂျင်း" ကိုရီးယားဘာသာစကား သင်တန်းသားများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယမန်နေ့က ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29206
Page
29207
Page
29208
Page
29209
Current page
29210
Page
29211
Page
29212
Page
29213
Page
29214
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department