အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိမည့်သူများ စာရင်းကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရပ်/ကျေး အုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိမှုအား ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Oct 02,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်တွင် ကိုဗစ်−၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် အသံချဲစက်ဖြင့် အသိပညာပေး နှိုးဆော်ပေး ခြင်းကိုယမန်နေ့ည (၇)နာရီမှစတင်၍ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Oct 02,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းကို အောက်တိုဘာ၁ရက်နေ့က စတင်၍ ကြေညာထားရာ အဆိုပါကြေညာ ထားမှုများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့မှ ယမန်နေ့ နံနက် ၉နာရီက မြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 02,2020
စ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် သန်း(၃၅၀၀) ကျော်ဖြင့် ဆောင်ရွက်ထားရှိသော မြို့ရှောင်လမ်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခွင့် ပြုထားပြီဖြစ်ကြောင်း ရွှေဘို ခရိုင်လမ်းဦးစီးဌာနမှသိရသည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် လုံခြုံရေးတာဝန် များ အပြည့်အဝ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ခန့်အပ်ပြီး အထူးရဲတပ်ဖွဲ့ဝင် များအား သင်တန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ရှမ်းစုကျေးရွာ၊ တမံကြီးကျေးရွာ၊ ခတ္ထိယကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ယမန်နေ့နံနက် ၉ နာရီက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Oct 02,2020
၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း များကို နောက်ဆုံးအကြိမ်ဖြစ် အောက်တိုဘာ(၁) ရက်နေ့မှ (၁၄) ရက်နေ့ထိ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေး ရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင်(၁၄) ရက်တိတိ ကပ်ထားကြေညာထားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်တင် နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့ နံနက်က သွား ရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည် ။