အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နောက်ဆုံးအကြိမ်မဲစာရင်းကို သံဖြူဇရပ်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ အောက်တိုဘာ (၁၄) ရက်နေ့အထိ (၁၄)ရက်ကြာကပ်ထားကြေညာ သွား မည်ဖြစ်ကြောင်းသိရသည်။
Oct 02,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂  လမှ  ၁  နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များအား  ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် လစဉ်ပုံမှန်ကာကွယ် ဆေးထိုး နှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက တောင်ရပ်ကွက်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
Oct 02,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားရှိရာ ယနေ့နံနက်(၈) နာရီက မိုင်းရယ်မြို့နယ်၊ လုတ်ခိုက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေငြာထားသည့် မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 02,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့ပေါ်(၄)ရပ်ကွက်ရှိ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့က ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 02,2020
တနင်္ဿာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ပုလောမြို့ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနခွဲ၌ ထိုးနှံပေးခဲ့သည်။
Oct 02,2020
ပန်းချီဆိုသည်မှာ မြင်သမျှ တွေ့သမျှ စဉ်စားတွေးခေါ် ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဍာန် သရုပ်ဖော်ရေးဆွဲ ဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှု ရသများစွာ ပေးစွမ်း နိုင်သောကြောင့် သုခုမပညာရပ်၏ ဘုရင်ဟုတင်စားခေါ်ဝေါ်ကြသည်။
Oct 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 02,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံအသီးသီး၌ မဲလုံခြုံရေး တာဝန် ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို ယမန်နေ့က အလက(၂)ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။