Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လဲချားတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အထူးရဲ(၃၆)ဦးအား သင်တန်းပို့ချ
Oct 01,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် အထူးရဲ (၃၆)ဦးအား သင်တန်းပို့ချပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ Quarantine ဝင်နေသူများအား နေ့စဉ် အာဟာရ ကျွေးမွေးနိုင်ရန် အလှူငွေများပေးအပ်လှူဒါန်း
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့နယ် အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် Quarantine ဝင်နေသူများအား နေ့စဉ် အာဟာရ ချက်ပြုတ်ကျွေးမွေးလှူဒါန်းနိုင်ရန်အတွက် ရည်ရွယ်၍ မိမိတို့၏ ဝန်ထမ်း လစာငွေများကို စုပေါင်း၍ Save လူမှုညီရေးပရဟိတ အသင်းသို့ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ် ကျေးရွာ(၆)ရွာ၌ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ဆောင်ရွက် သည့် ငွေပေးအလုပ်ပေးစနစ်(Cash For Work) စီမံကိန်းလုပ်ငန်းခွဲ(၈)ခု လုပ်ငန်းအ…
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash For Work စီမံကိန်း လုပ်ငန်းခွဲ(၈)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းခွဲ(၈)ခုသည် လုပ်ငန်း အားလုံး ပြီးစီးနေပြီဖြစ်ကြောင်း ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့ရှိကျေးရွာများ၌ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့အတွင်းရှိကျေးရွာများတွင် တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရန် အထူးရဲ ၁၀၀ ဦးတို့အ…
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နယ်၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ ၈ ရက် နေ့ တွင်ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံ စိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ ၁၀၀ ဦး တို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာ ၁ ရက်နေ့မှစ၍ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ဒလမြို့နယ်ရှိ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်း
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး နှင့် ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေး သုံးပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယနေ့ မွန်းလွဲ ၃နာရီခွဲ အချိန်က မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာပေး
Oct 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရန်နှင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည်စုံ မှန်ကန်စေရေး အတွက် ဒုတိယ အကြိမ် မဲစာရင်းကြေညာကပ်ထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်၌ ယနေ့ နံနက် ၈ နာရီက စတင်ကပ်ထားကြေညာပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေငြာထားရှိ
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းကစတင်ပြီး မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် ကြေငြာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29264
Page
29265
Page
29266
Page
29267
Current page
29268
Page
29269
Page
29270
Page
29271
Page
29272
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department