Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တမူးမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများအား ခရိုင်ကော်မရှင်အဖွဲ့ဝင်များမှ ကွင်းဆင်း စစ်ဆေး
Oct 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၊ နယ်စပ်ဒေသရှိ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုအဝင်/အထွက်ဂိတ်များကို (၈)ရက်ကြာ ယာယီပိတ်မည်
Oct 02,2020
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းများကပ်ထားကြေညာ
Oct 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းများကို ယနေ့နံနက်ပိုင်းက သံတောင်ကြီး မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်အတွင်းရှိ မဲရုံများ လုံခြုံရေးအတွက် အထူးရဲများ သင်တန်းဖွင့်လှစ်
Oct 02,2020
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရပ်ကွက်ကျေးရွာ(၅၃)အုပ်စုတွင် မဲရုံပေါင်း(၁၇၂)ရုံ ထားရှိမည်ဖြစ်ရာ မဲရုံများအတွက် အထူးရဲများကို ယမန်နေ့မှစတင်၍ အောက်တိုဘာလ ၂၈ ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်းတို့ကို သင်ကြားလေ့ကျင့်ပေး
Oct 02,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား လုပ်ငန်းအဆင်ပြေချောမွေ့စေရန်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်း သင်ကြားလေ့ကျင့်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာ
Oct 02,2020
သိန္နီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်စာရင်းရရှိစေရန် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကြေညာကပ်ထားပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့၀င်များ ကြည့်ရှုစစ်ဆေး
Oct 02,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယ အကြိမ် ကပ်ထား ကြေညာထားရှိမှုအခြေအနေများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်/ရပ်ကွက် (၆) ရပ်ကွက်တွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် အသက်(၈၀)နှစ်မှ အသက်(၈၅) နှစ်အောက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာလ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Oct 02,2020
ကိုဗစ်-၁၉ ရောဂါကာလ အသက်(၈၀)နှစ်မှ အသက် (၈၅)နှစ်အောက် အဘိုးအဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လမုတန်း ရပ်ကွက်၌ ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29262
Page
29263
Page
29264
Page
29265
Current page
29266
Page
29267
Page
29268
Page
29269
Page
29270
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department