အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရန်နှင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည်စုံ မှန်ကန်စေရေး အတွက် ဒုတိယ အကြိမ် မဲစာရင်းကြေညာကပ်ထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်၌ ယနေ့ နံနက် ၈ နာရီက စတင်ကပ်ထားကြေညာပေးပြီးဖြစ်ကြောင်း သိရသည်။
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်းကစတင်ပြီး မိုင်းရယ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲအဖွဲ့ခွဲရုံးများတွင် ကြေငြာထားကြောင်း သိရသည်။
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများကို တမူးမြို့ အမှတ် (၁) အခြေ ခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၇)နာရီ အချိန် မှစ၍ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။
Oct 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မိုင်းရယ်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။
Oct 01,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထား ကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာ ပေးထားကြောင်း သိရသည်။
Oct 01,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဌာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန ်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများတွင် ပါဝင်လှူဒါန်းသူများနှင့် ပူးပေါင်းဆောင်ရွက်သူ များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက အောင်မြေသာစံမြို့နယ်၊ ၆၄လမ်း၊ ၂၄လမ်းနှင့်၂၅လမ်းကြားရှိ မဟာဇေယျာဘုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အသက်(၈၀) မှ (၈၅) နှစ်ကြား ဘိုးဘွား များအား Covid-19 ရောဂါထိန်းချုပ်နေသောကာလအတွင်း ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁ )နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။