Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတောင်းမြို့နယ် King Mobile ဖုန်းဆိုင်မှ ကျီးတောဂိတ်သို့ Mask ၊ ပလတ်စတစ်လက်အိတ်၊ လက်သန့် ဆေးများလှူဒါန်း
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် King Mobile ဖုန်းဆိုင်မှ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် ကျီးတောဂိတ်သို့ ပလတ်စတစ်လက်အိတ် (၅)ထုပ်၊ လက်သန့်ဆေးရည်(၂)ဘူး၊ Mask (၃)ဘူး၊ ကော်ဖီမစ်ထုတ်နှင့် မုန့်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျီးတောဂိတ်တွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နေရပ်ပြန်မြန်မာသင်္ဘာသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Oct 01,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV.GLOBAL EFFORT သင်္ဘာပေါ်မှ သင်္ဘာသား (၁၆) ဦးသည် ယမန်နေ့ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးလိုက်လံနှိုးဆော်
Oct 01,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကော့လှိုင်းကျေးရွာ၊ မရမ်းအူကုန်း ကျေးရွာနှင့် မရမ်းအူကွင်း ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ ပညာရေးဌာန မိသားစုမှ အလှူငွေများ ပေးအပ်လှူဒါန်း
Oct 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်ကိုဗစ်-၁၉ ရေဂါကြိုတင် ကာကွယ်၊ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေးလုပ်ငန်းများတွင် လိုအပ် သောနေရာများ ၌ အသုံးပြု နိုင်ရန်အတွက် အလှူငွေများလာရောက် လှူဒါန်း ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ ဆေးရုံတွင် မိုးနဲမြို့နယ်ပညာရေးဌာနမိသားစုအဖွဲ့က အလှူငွေများ လာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်
Oct 01,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများ၌ လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက် မြို့ဦးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် သင်တန်း နည်းပြဆရာများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အထူးရဲတာဝန်ထမ်းဆောင်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကင်းဝေးစေရေးအတွက် Mask များ ဝေငှခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မြို့မဈေးတွင် နှာခေါင်းစည်း Mask များ ဝေငှခြင်းနှင့် မလိုအပ်ဘဲ အပြင်ထွက်လာခြင်းမရှိစေရေးကို ယနေ့ နံနက် (၇) နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့မစျေးတွင် စျေးဝယ်လာသူပြည်သူများအား အသိပညာ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်
Oct 01,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း) မှတပ်ဖွဲ့ဝင်များစုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပုလုံးတုံတုံးကျေးရွာအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး အထိမ်းအမှတ်အဖြစ်စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်
အပြည့်အစုံ ဖတ်ရန်
ကဝမြို့ နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားလာသဖြင့် ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ပြည်သူသို့အသိပေး ကြေညာ
Oct 01,2020
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ၊ စည်ပင်သာယာရေးဌာနမှ ကဝမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားလာသဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများသို့ အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ (၁၆:၃၀)နာရီအချိန်တွင် ကဝမြို့ပေါ်ရပ်ကွက် အသီးသီးသို့ လှည့်လည်အသိပေးကြေညာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29281
Page
29282
Page
29283
Page
29284
Current page
29285
Page
29286
Page
29287
Page
29288
Page
29289
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department