အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2020
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပမည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဖြေဆိုကြမည့် ဆုထူးပန်အဘိဓမ္မာ သင်တန်းသားများအ‌နေဖြင့် စာမေးပွဲဝင်ခွင့်အဆိုပြုလွှာများကို ယနေ့နံနက်ပိုင်းမှစတင်၍ တင်သွင်းနိုင်ပြီဖြစ်ကြောင်း ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေအသင်း(မန္တလေး)ထံမှ သိရသည်။
Sep 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက်၈၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား စတုတ္ထသုံးလပတ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ပိန်းဆန်းရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများ အားတာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 30,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကိုကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း VRFP တို့အား လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်း ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Sep 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံများလိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 30,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာလေးခုတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ရောဂါကြိုတင်ကာကွယ် ရေးသုံးပစ္စည်း(PPE)နှင့် နှာခေါင်းစည်း (Mask)များ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံနှင့် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများတွင် အလှူရှင်တစ်ဦးနှင့် မြို့မပရဟိတ လူငယ်အဖွဲ့များက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
Sep 30,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ နံနက်(၆)နာရီမှညနေ(၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ(၃၁)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
Sep 30,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ကျေးလက်ဒေသနေမိသားစုများ ဝင်င ွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကိုကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း VRFP တို့အား လောင်းလုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်း ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Sep 30,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ Quarantine Centre (၂၉)ခုထားရှိရာ စက်တင်ဘာလ (၂၈)ရက် စာရင်းအရ မိုးကောင်းကျေးရွာအုပ်စု၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ကင်မွန်းချုံကျေးရွာအုပ်စု၊ နတ်ရွာ ကျေးရွာအုပ်စု၊ ကြိမ်တော မြှောင် ကျေးရွာအုပ်စု၊ ငါးဆီးလှောင် ကျေးရွာအုပ်စု၊ လှည်းလမ်းကူး ကျေးရွာအုပ်စု၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ မဲဘလံကျေးရွာအုပ်စု၊ တလိုင်းအိုင်ကျေးရွာအုပ်စု၊