အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု ပလိပ် အခြေခံပညာ အထက်တန်းကျောင်းတွင် Facility Quarantine ဝင်ရောက်နေသည့် နေရပ်ပြန်များအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာများရယူခြင်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 29,2020
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်းရေးအတွက် စစ်ကိုင်း မြို့မဈေးကြီး အတွင်း ဈေးရောင်းချသူ/ ဈေးဝယ်လာပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင် ရောင်းချမှု ရှိ/ မရှိကို ဈေးအကျိုးတော်ဆောင်များက နေ့စဉ် စစ်ဆေးပေးလျက် ရှိကြောင်း သိရသည်။
Sep 29,2020
အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ရဲမှူးဦးဝင်းတင် ဦးစီးသည့် အရာရှိ  (၂) ဦး ၊အခြားအဆင့် (၁၈) ဦးတို့သည် စက်တင်ဘာလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 29,2020
ရန်ကုန်‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ ပြားလာသည်နှင့်အမျှ ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများအား ထားရှိနိုင်ရန်အတွက်
Sep 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက်(၈၀) နှင့် (၈၅) နှစ်အတွင်း သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ဦးစီးဌာန မှ ထောက်ပံ့ငွေများကို ယမန်နေ့က သံတောင်မြို့ပေါ်ရပ်ကွက်များတွင် အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီက နှိုးဆော်ခဲ့သည်။
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးစေရေး စျေးများတွင် နှာခေါင်းစည်း (Mask) များ ဝေမျှခြင်းနှင့် မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်း မရှိစေရေး မေတ္တာရပ်ခံနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်ကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ စျေးများနှင့်အမှတ်(၂၆)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမတွင် ဆောင်ရွက် ခဲ့ကြသည်။
Sep 29,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ သံမိုးတောင်၊ မြတ်သာကုန်း၊ ထမုံ ကျေးရွာနှင့် ညောင်ကုလားထိုင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက လိပ်သို မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ လိပ်သိုတိုက်နယ် ပြည်သူ့ဆေးရုံ တာ၀န်ခံ ဆရာ၀န် ဒေါက်တာဇေယျာဦးနှင့် တာ၀န်ရှိသူ များက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။