အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးလက်နေဒေသခံ တိုင်းရင်းသား ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ရောင်း၊ ကုန်ဝယ်လုပ်ငန်းများမှ အပိုဝင်ငွေများရရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများကို မြို့နယ်အတွင်း၌ ကျေးရွာ(၂၉)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ပန်ဟုန်း၊ကောင်းစံ၊ ကုန်းမုံကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Sep 29,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၄)အုပ်စုရှိ အသက်(၈၀)နှစ် ပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီးရွယ်အိုဘိုးဘွား (၁၄၈၃)ဦးတို့အား ကိုဗစ် -၁၉ စီးပွါးရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို အဘိုး အဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်နှင့်အညီ သွား‌ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 29,2020
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမိသားစု ပြန်လည်ဆက်သွယ်ပေးရေးဌာန၏ နေရပ်ပြန်ပြည်သူများနှင့် ဒေသခံပြည်သူများအား အကူအညီပေးရေးစီမံချက်အရ Mask Campaign နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် ၅ ရပ်ကွက် ရှိ ရွှေမြင်းဝန်းဘုရားမြောက်ဘက်မုဒ်တွင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Sep 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် မြို့ပေါ် (၁၂) ရပ်ကွက်တွင် လမ်းများအလိုက် အဝင်/အထွက် စစ်ဆေးရေးဂိတ်များကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက် (၁၂) ရပ်ကွက်တွင် စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Sep 29,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သထုံခရိုင်ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုးရီးယားသမ္မတနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ(Korea Climate Change Center)အထောက်အပံ့ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့် မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 29,2020
ချောင်းသာမြို့နေ ပြည်သူများအား (Stay at Home)ကာလအတွင်း အရေးကြီးကိစ္စများရှိပါက အပြင်ထွက် သွားလာသည့်အခါ တစ်အိမ်လျှင် တစ်ယောက်နှုန်းသာ အပြင်ထွက် သွားလာခွင့်ကဒ်များဖြင့် သွားလာကြရန် စည်းကမ်းချက်များ ထုတ်ပြန်ထားခဲ့ပြီး အဆိုပါစည်းကမ်းချက်များအတိုင်း ပြည်သူများ သွားလာနေထိုင်ခြင်း ရှိ/မရှိကို သိရှိနှိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက ချောင်းသာမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီများ၊ စောင့်ကြည့်‌ရေး အဖွဲ့များနှင့် ရွှေ့လျား အဖွဲ့တို့မှ စစ်ဆေးဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြသည်။