Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်မဲမြို့တွင် ညွှန်ကြားချက်အားလိုက်နာမှုမရှိဘဲ ဖွင့်လှစ်နေသည့် KTV ဆိုင်တစ်ဆိုင်အား အရေးယူထား
Sep 29,2020
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်နေသည့် ကာလအတွင်း ပိတ်သိမ်းထားရန် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာမှုမရှိပဲ ဖွင့်လှစ်ခဲ့သည့် ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက်၊ နယ်မြေ ၁၂ ၊ နမ့်တုံရပ် ရှိ "လမင်းအိမ်" KTV ဆိုင်ရှင်နှင့် အလုပ်သမများအား ယမန်နေ့ ညက အရေးယူထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ (Relief Package-2) ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု(မွမ်းမံ)သင်တန်းသား စုစုပေါင်း(၄၀)ဦးအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Sep 29,2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စီမံညွှန်ကြားမှုနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မူဆယ်ရုံးခွဲ)၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရှမ်း/မြောက်ဇုန်)တို့ ပူးပေါင်းပါဝင်သည့် ကိုဗစ်-၁၉စီးပွားရေး ကုစားမှု (CERP)အစီအစဉ်အရ (Video Conferencing)စနစ်ဖြင့် (၁၅)ရက်ကြာဖွင့်လှစ်ခဲ့သည့် ကိုဗစ်-၁၉ (Relief Package-2)ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်းသားစုစုပေါင်း(၄၀)ဦးအား သင်တန်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က သက်ဆိုင်ခရိုင်/မြို့နယ်အလိုက် အသီးသီးပေးအပ်ချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာလိုင်စင်နှင့် သားသတ်နှင့်အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များ ဒုတိယအကြိမ် ထုတ်ပေး
Sep 29,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် အရပ်ရပ်ဆိုင်ရာလိုင်စင်နှင့် သားသတ်နှင့် အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်များ ဒုတိယအကြိမ် ထုတ်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၊ နွားကွင်း၌ နွားအကောင်ရေ(၁)သောင်းကျော် သောင်တင်နေ
Sep 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသမူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွားအရှင် များကို Standard Operating Procedure(SOP)နှင့်အညီ မြန်မာနိုင်ငံ၊ ပြည်တွင်း ကုမ္ပဏီများက တင်ပို့ရောင်းချလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် တရုတ်နိုင်ငံဘက် က နယ်စပ်ဂိတ်များကို ပိုမိုတင်းကြပ်လာပြီး တရုတ်နိုင်ငံ၊ ကျွဲ၊ နွားကုန်သည်များက လာရောက် ဝယ်ယူမှုမရှိသည့်အတွက် မူဆယ်မြို့၊ နွားကွင်း၌ ကျွဲ၊ နွားအရှင်စုစုပေါင်း(၁) သောင်းကျော် သောင်တင် နေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တိုင်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
Sep 29,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ များ ပေးအပ်လျက်ရှိရာ ယမန်နေ့က နောင်တိုင်ကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးကို အရှိန်အဟုန်ဖြင့် စစ်ဆေးဆောင်ရွက်
Sep 29,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့သည် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး လှုပ်ရှားမှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ဗလမင်းထင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့တွင် မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Sep 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က လောင်းလုံး မြို့နယ် ၊သာယာကုန်း ကျေးရွာ၌ ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးရေကြီးနစ်မြုပ်ပျက်စီး လယ်ဧက(၁၉၀)အတွက် ထောက်ပံ့ငွေများပေးအပ်
Sep 29,2020
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်မိုးရာသီက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29368
Page
29369
Page
29370
Page
29371
Current page
29372
Page
29373
Page
29374
Page
29375
Page
29376
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department