အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နှင့် ကျေးရွာများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးလှဆိုင်းထံမှ သိရသည်။
Sep 29,2020
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်အတွက်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌   ကိုဗစ်-၁၉  ရောဂါ Positive   လူနာများနှင့်    ထိတွေ့မှုရှိခဲ့သူမျာ
Sep 29,2020
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက်(၇)နာရီခန့်တွင် ရွှေတောင်မြို့နယ်တွင် လုပ်အားပေးသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရ သည်။
Sep 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် စက်တင်ဘာ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အတွင်း အပူပိုင်းမုန်တိုင်း "နိုလ်" ကြောင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ကာ ထိခိုက်ပျက်စီးခဲ့သော ရေဘေးသင့် အိမ်ထောင်စုများအတွက် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်(၁၁)နာရီက ကျွန်းစုမြို့၊ ကျွန်းရတနာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 29,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ၊တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ သပြေညိုလမ်း ကွန်ကရစ်ခင်းခြင်း ကို စက်တင်ဘာလ ၄ ရက်နေ့ကစတင်၍ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့က ဦးဆောင်၍ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျှက်ရှိရာ ယခုအခါတွင် လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးကြောင်း မြို့နယ် စည်ပင်သာယာ ရေး အဖွဲ့မှ သိရသည်။
Sep 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရမှ တရုတ်ယွမ်ငွေ ကာလတန်ဖိုး(၁၂)သိန်းကျော်ရှိ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးပစ္စည်းများလာရောက် လှူဒါန်းခြင်းကို ယမန်‌နေ့နံနက်(၉)နာရီအချိန်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် အဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)လာရောက်ပေးအပ်လှူဒါန်းသည်။
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေး စည်ပင်သာ မြို့မဈေးကြီး နှင့်အပြင်ဘက်တိုက်တန်းများတွင် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အရေးယူဆောင်ရွက်ခဲ့သည်။
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် တင်းဝါးချောင်းအုပ်စု ဒီးဒုတ်ကုန်းကျေးရွာတွင် မျှစ်ချဉ် လုပ်ငန်းကို တစ်နိုင်တစ်ပိုင် အိမ်တွင်းမိသားစုဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ်တစ်ပိဿာကို ၃၅၀ကျပ်သာရရှိ၍ ဈေးမကောင်းသောကြောင့် အဆင်မပြေဖြစ် နေကြကြောင်း အဆိုပါကျေးရွာ မျှစ်ချဉ် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။