အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆောက်အဦသစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုမှအား ယမန်နေ့ နံနက် ၉နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည််။
Sep 29,2020
လူငယ်ဖွံ့ဖြိုးရေးပရဟိတကလေးများဂေဟာ ပရဟိတမျောက်ချောကုန်းကျောင်းတိုက် ဆရာတော် အရှင်ပညာစာရနှင့် မြန်အောင်မြို့ ကြယ်ငါးကောက်သူများအဖွဲ့ (Starfish Pickers)တို့မှ မြန်အောင်မြို့ ရေဘေးကယ်ဆယ်ရေးတွင်ပါဝင်ကူညီခဲ့ကြသော မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယနေ့နံနက်က ညောင်မြစ်ဆွဲ အရန်မီးသတ်ရုံးတွင် စားသောက်ကုန်များ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 29,2020
ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတစ်ဝန်းတွင် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လျက်ရှိသောကြောင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရသည့် ပြည်သူများအနေဖြင့် ရောဂါကူးစက်မှု လျော့ပါးစေရေးအတွက် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီး သွားလာကြရန် အသိပညာပေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ မြို့မ ရဲစခန်းရှေ့နှင့် မြို့မဈေးအတွင်းတို့၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Sep 29,2020
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင် နှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလူမီနီယံဘောင် အထပ် သား ကတ္တီပါစအုပ်ထားသော နံရံကပ်ဘုတ်(၄)ချပ်အား Save the Children အဖွဲ့မှ ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
Sep 29,2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ဖြင့် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 29,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အိမ်မွေးတိရိစ္ဆာန်ခွေးများတွင် ခွေးရူးရောဂါ အန္တရာယ် ကင်းဝေး စေရေး ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၈ ရက် ၊ ညနေ ၄ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 29,2020
အလုံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန် ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန် အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။