Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် Mask တပ်ဆင်ခြင်း မရှိဘဲ အပြင်ထွက်သွားလာသူများအား အရေးယူ
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ များပါဝင်သော မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများအား ယနေ့ နံနက်ပိုင်းက ကသာမြို့ပေါ်ရှိ ဈေးများရှေ့၌ အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို နမ္မတူမြို့နယ် ယာယီပျံကျဈေး၌ ဆောင်ရွက်
Sep 29,2020
နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၆)ရှိ ယာယီပျံကျဈေး၌ ယနေ့နံနက် (၆)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ဆောင်ရွက်
Sep 29,2020
မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယနေ့ နေ့လယ်(၂)နာရီကို မိုင်းရယ်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ ကာလတွင် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Sep 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ် -၁၉ ကာလတွင် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်၌ Stay at Home ကာလပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှုနည်းပါး
Sep 29,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ကြေညာချက် အရ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ပိုမိုများပြားလာမှု ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ(ကိုကိုးကျွန်းမြို့နယ်မပါ)မြို့နယ်(၄၄)မြို့နယ်တွင် နေထိုင်သည့် ပြည်သူများ Stay at Home အနေဖြင့် စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့ထိ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ ခြင်းမပြု ရန်ညွှန်ကြားချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှုနည်းပါးလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်
Sep 29,2020
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီအတွက် ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ငါးရာပြားကျေးရွာအနီးတွင် ကျင်းပသည် ။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်
Sep 29,2020
၂၀၂၀-ပြည့်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဥ်ကာလအတွင်း မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားကော်မတီ နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ကြီးမှူးပြီး ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်ကြည်လင် ပေါ့ပါးသွက်လက်စေရန် ရည်ရွယ်၍ မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၌ ၂၀၁၉ ခုနှစ် မိုးရာသီ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးရမှု အပေါ် နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေများပေးအပ်
Sep 29,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ၂၀၁၉ ခုနှစ် မိုးရာသီကာလ သဘာဝေဘေး အန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးရမှုအပေါ် နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29375
Page
29376
Page
29377
Page
29378
Current page
29379
Page
29380
Page
29381
Page
29382
Page
29383
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department