အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြေညာချက်များအရ ကမာရွတ်မြို့နယ် လှည်းတန်းစျေးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ စနစ်တကျဖြင့် နှာခေါင်းစည်း maskများ လက်အိတ်များဝတ်၍ ရောင်းချနေမှုကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က
Sep 28,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ လူသွား လူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
Sep 28,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။
Sep 28,2020
တောင်ငူ၌ သီးသန့်စောင့်ကြည့် quarantine centre (၆) ခု ထားရှိရာ စက်တင်ဘာလ ၂၈ ရက် စာရင်းအရ ပညာရေးကောလိပ်(ဟောင်း) တွင် (၁၈၅) ဦး ၊ သီတဂူအာယုဒါနဆေးခန်းတွင် (၁၃)ဦး ၊ သာသနာ့ဗိမာန်(ဟောင်း) တွင်
Sep 28,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ပဲခူးလမ်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ယနေ့ နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
Sep 28,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (Stay at Home) သတ်မှတ်ထားသော မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သူ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် စက်တင်ဘာ(၂၄)ရက်နေ့မှ အောက်တိုဘာ (၇)ရက်နေ့ထိ
Sep 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာ ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရှစ်မျက်နှာစေတီရှေ့တွင် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင်  နိုင်ငံတော်က ချမှတ်ပေးသော  ကိုဗစ်- ၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ (၆)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိသားစုဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းအ မျိုးအစားအလိုက် ဆောင်ရွက်ရန် ထုတ်ချေးသူ အသင်းသား/သူ စုစုပေါင်း( ၄၁၁)ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၆၈) သန်းကို ထုတ်ချေးပေးပြီးဖြစ်ကာ ကျေးရွာကော်မတီဝင်များအနေဖြင့် ငွေစာရင်းများ ထိန်းသိမ်းရာ၌ စာရင်းဇယားများ မှန်ကန်စွာ ဖြည့်တွင်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။