အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့မဈေးကြီး အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉  ကပ်ရောဂါ ကာလအတွင်း ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်၊ ထိန်းချုပ်ရေးနိုင်ရေးအတွက် မြို့နယ်အတွင်းသို့ နယ်မြေကျော်သွားလာခြင်း ရှိ/ မရှိနှင့် Mask စနစ်တကျ တပ်ဆင်ရေး အထူးကြပ်မတ်စစ်ဆေးခြင်းကို
Sep 28,2020
ဟင်္သာတမြို့နယ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်/မြို့ထွက်ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေး လုပ်ငန်းများကို အထူးကြပ်မတ်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Sep 28,2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အငြင်းပွားမှု ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပထမ အကြိမ် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်၊ အ.လ.က(၇) ကျောင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများထားရှိနိုင်ရန် အဆင်ပြေခြင်း ရှိ/မရှိ ယမန်နေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။
Sep 28,2020
စစ်ကိုင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး အဖွဲ့များ မှ စစ်ကိုင်း မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အကြောင်းမဲ့ ခရီးသွားလာခြင်းမျိုးများ မဖြစ်ပွားရအောင် အရှိန်အဟုန်မြှင့်တင် ကြပ်မတ် ဆောင်ရွက် ပေး လျှက်ရှိကြောင်းသိရသည်။
Sep 28,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို  အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိရာ
Sep 28,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများကို ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ မုံးကိုးမြို့ရှိ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု၊ စုစုပေါင်း(၁၀၆၃)စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၂၀၀)ကျော်ခန့်ကို ယနေ့၊ နံနက်(၁၁)နာရီအချိန်က မုံးကိုးမြို့၊ မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။