အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိပြည်သူ(၇၈)ဦးအား နိုင်ငံသား စီစစ်ရေး ကဒ်ပြားပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက လားရှိုးမြို့မယ်ဟန်ဘုန်းတော်ကြီး ကျောင်းဝင်း၌ ကျင်းပကြောင်းသိရသည်။
Sep 25,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၊ ညောင်ပင်လှကျေးရွာ မူလွန်ကျောင်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိသည့် ပိုးတွေ့လူနာနှင့် ဆက်စပ်သူ (၄)ဦးအား ယမန်နေ့က (၁၄)ရက်ပြည့်မြောက်၍ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
Sep 25,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ကိုဗစ်- ၁၉ ရောဂါ သတင်းထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် လေးတိုင် စင်ကျေးရွာအုပ်စု ၊ ဖိုကြီး ကျေးရွာ သို့ စက်တင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိ လာသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်၌ လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း  မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအား အခမဲ့ကုသမှု ဆေးပေးခန်းကို မြို့နယ်ပြည်သူ့ဆေးရုံ အတွင်း၌ ဖွင့်လှစ်ထားရှိပြီး လူနာများကို ကုသမှုလုပ်ငန်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။ ယနေ့နံနက်က လာရောက်ပြသသည့် လူနာများကို ကုသမှုဆောင်ရွက်ပေးနေစဉ်။
Sep 25,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင်စတင်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲဈေးတွင် မြို့နယ် COVID-19 ရောဂါ အသိပညာ ပေးရေးအဖွဲ့အမှတ် (၃)မှ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 25,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိအတည်ပြုလူနာ များနှင့် ထိတွေ့မှုမရှိဘဲ အနံ့ပျောက်သူများအား သီးခြားစောင့်ကြည့်စင်တာများတွင် ထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ထံမှ သိရသည်။
Sep 25,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မုတ္တမပင်လယ်ကွေ့ စီမံချက်အဖွဲ့ တို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကဝမြို့အတွင်း ဝင်ထွက် သွားလာကြသည့် ပြည်သူများအား နှာခေါင်းစည်းနှင့် ကာဘော်လိပ်ဆပ်ပြာများ အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကဝမြို့အဝင်သစ်ဆိုင်အနီး၌ ဆောင်ရွက်ခဲ့သည်။