အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာတွင် (၆၀'×၃၀'×၁၂') RC(၂)ထပ် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန် အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဘာသာရေးနှင့် သာသနာရေးအတွက် လှူဒါန်းထောက်ပံ့သည့် ငွေကျပ်သိန်း (၁၇၀) အား ယနေ့ မှန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 25,2020
တရုတ်နိုင်ငံ၊ ရွှေလီရဲဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန၊ တာဝန်ရှိသူများက စက်တင်ဘာလ (၁၁) ရက်နေ့တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)မှ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား တစ်ဦးထံ၌ ကိုဗစ်-၁၉ ရောဂါတွေ့ရှိပြီး မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံသစ်၌ စနစ်တကျ ဆေးကုသလျက်ရှိရာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ယနေ့၊ မွန်းလွဲ(၂)နာရီ အချိန်ခန့်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Sep 25,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနအနေဖြင့် လတ်လလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယမန်နေ့ညပိုင်းက ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများ အနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာ အသုံးပြုစေရေးအတွက် ကြီးကြပ်စစ်ဆေးခြင်းကို ကျေးရွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြားပူးပေါင်းအဖွဲ့တို့မှ ရေငံ-သရက်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးတွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 25,2020
အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး ကြေညာခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းပြီး အသိ ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီကအ င်္ဂပူမြို့နယ် စည်ပင်ကျေးရွာအုပ်စုအတွင်းရှိ စီပင်ကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ တဲကြီးကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ဖျင်ဇင်းကျေးရွာများတွင် ပြုလုပ်ခဲ့သည်။
Sep 25,2020
ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တန်(၉၀၀)ဘိလပ်မြေ စက်ရုံမှ အာမခံအလုပ်သမားတစ်ဦးသည် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစုအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ် ၉၀၀၀၀၀၀(သိန်းကိုးဆယ်)ကို ယနေ့ နံနက် ၁၁ နာရီခန့်က မြို့နယ် လူမှုဖူလုံးရေးရုံးတွင် ထုတ်ပေးခဲ့သည်။
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင်းသို့ ကုန်တင်မော်တော်ယာဉ်များ မဝင်ရောက်စေရေးကို အထွေထွေအုပ်ချုပ်ရေးရုံး အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ယနေ့မှ စတင်ကာ ပိတ်ပင်တော့မည်ဟု သိရသည်။
Sep 25,2020
မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၅) ဦး ရှိလာပြီဖြစ်တာကြောင့် မကွေးမြို့ အဝင် ကန်ပြားစစ်ဆေးရေးဂိတ်နဲ့ မကြီးကန် စစ်ဆေးရေးဂိတ် ယာယီကုန်တင်ယာဉ်ရပ်နား စခန်းတွင် ကိုစေ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် စစ်ဆေးမှု များ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။