အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်များတင်သွင်းမည့် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စက်တင်ဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ ဝင်ရောက်ခွင့်ပြု ခဲ့ကြောင်း သိရသည်။
Sep 25,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင် စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာလေးခုကို မြို့နယ်အတွင်းဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး စက်တင်ဘာလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်း က အ.ထ.က(ခွဲ)အုတ်ဖို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ မြို့မပရဟိတ လူငယ်အဖွဲ့နှင့် အလှူရှင်များက ရောဂါကြိုတင်ကာကွယ်သုံးပစ္စည်းများကို သွားရောက်လှူဒါန်းပေး ခဲ့ကြသည်။
Sep 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်နေအိမ်အား ယနေ့မွန်းလွဲ ၂နာရီအချိန် က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၂၃)ယူနစ်မှ အကျိုးပြုကျေးရွာ (၃၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့မွန်းလွဲ (၃)နာရီအချိန် က ဟိုနောင်လုံကျေးရွာမှ အသင်းဝင် (၇၉)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေကို ကွင်းဆင်းထုတ်ချေးပေးခဲ့သည်။
Sep 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့က အမျိုးသား (၄၈)ဦး၊ အမျိုးသမီး (၃၆)ဦး စုစုပေါင်း (၈၄)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့ ပါသည်။
Sep 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာရာတွင် ပြည်စုံမှန်ကန်ရေး မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 25,2020
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွက် ငွေဆောင်အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၁)ဦးအနက် (၉)ဦး မှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရှောက်ချောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမော်က ယမန်နေ့ ညနေ (၃)နာရီခွဲက ကျန်းမာကြောင်းထောက်ခံစာများ ပေးအပ်၍ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။