အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2020
မြင်းခြံမြို့အတွင်းရှိ အနှေးယာဉ်(ဆိုက်ကား၊ ဘေးတွဲ) လုပ်သားများအား ဦးကျော်ဝင်း+ဒေါ်သန်းသန်းဌေးမိသားစုမှ ဆန်များထောက်ပံ့လှူဒါန်းခြင်းကို Corona Save Together(CST) ပရဟိတအဖွဲ့မှ ကူညီပြီး ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က စတင် ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 11,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ညွှန်ကြားချက်များနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ
Sep 11,2020
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့သို့ စက်တင်ဘာ ၁၁ ရက် နံနက် ၅ နာရီ ၄၀ မိနစ် တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
Sep 11,2020
ကိုဗစ်−၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သီရိနောင်နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များပူးပေါင်း၍ တရုတ်နိုင်ငံမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၉)ဦးထံမှ ယနေ့နံနက်ပိုင်း ၇ နာရီခွဲအချိန်ခန့်က အာခေါင်တို့ဖတ်နမူနာ ရယူခဲ့ကြောင်း သိရသည်။
Sep 11,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထပ်မံမဖြစ်ပွားစေရန်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို မကွေးမြို့ပေါ် ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မိုင်းထလန်း ကျေးရွာသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်မှ ဒိုက်နှင့်ဗေဒါ ရှင်းလင်းစက်(၂)စီးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခန့်က ညောင်ရွှေမြို့နယ်၊ ဟိုတယ်ဇုန်စက်လှေဆိပ် ရှင်းလင်းဆောင်၌ ပြုလုပ် ခဲ့ကြောင်းသိရှိရသည်။