အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မရမ်းချောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့က ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိ နှင့် ဆန္ဒမဲပေးပုံ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2020
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကို  ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် သတင်းမီဒီယာ (၁)ဦးတို့ တက်ရောက် ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ဆောင်ရွက်ခဲ့ပါသည်။
Sep 10,2020
ညောင်လေးပင်မြို့နယ် ကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ကမ္ဘာ့ရှေးဦး ပြုစုခြင်းနေ့ အထိမ်းအမှတ် အကြို ယနေ့နံနက်ပိုင်းက ညောင်လေးပင်မြို့ ပျံကျဈေး၊ ကားဂိတ်၊ ရုံးဌာနတို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နှင့် ပတ်သက်၍       ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရ အမိန့်နှိုးဆော်ခြင်း ကို မြို့နယ်အတွင်းရှိ ရပ်ကွက်အားလုံးတွင်ယမန်နေ့ကလိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
Sep 10,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျ လိုက်နာစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်က ဒလမြို့နယ် သင်္ဘောဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။