Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေလျော့နည်းလာသဖြင့် ကျန်ရှိအိမ်ထောင်စုများ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့
Aug 19,2020
ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဇူလိုင် ၁၄ ရက်မှ သြဂုတ် ၄ ရက်နေ့ထိ ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၂)အုပ်စုတို့တွင် အိမ်ခြေ(၁၈၅)အိမ်၊ အိမ်ထောင်စု (၁၈၇)စု၊ လူဦးရေ(၇၁၈)ဦးတို့မှာ ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရ ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပ
Aug 19,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စာရေးဆရာ အသင်းနှစ်ပတ်လည် အစည်းအဝေးကို လူထုအခြေပြုဗဟိုဌာန Community Center ၌ ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပရာ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးဝင်းအောင် (ထက်သူအောင်) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်နီနီလွင်တို့က အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးသစ် အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 19,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အဆိုပါ ခရိုင်ရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့နယ်စပ်ဂိတ်မှ နေရပ်ပြန် ပြည်သူ (၂၅) ဦး ထပ်မံဝင်ရောက်
Aug 19,2020
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ အမှတ်(၁) စစ်ဆေးရေးဂိတ်မှ ယမန်နေ့ နေ့လယ် (၁)နာရီ (၁၀) မိနစ်အချိန်က နေရပ်ပြန် ပြည်သူ (၂၅) ဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 19,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အဆင်ပြေချောမွေ့ စေရန် ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာ ဘတ်ဂျက်ဖြင့် အမှတ်(၃) ရပ်ကွက် ဗိုလ်ချိန်လမ်း၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့အတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးအတွက် ရပ်ကွက်များသို့စာရင်းများ ကောက်ယူ
Aug 19,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံခြင်း ကို ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများ အသက် ၉ နှစ်ပြည့်ပြီး မှ ၁၀ နှစ်အထိ မိန်းကလေးများ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျန်းမာရေးဆရာမများထံ စာရင်းပေးကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များအား ယမန်နေ့နံနက်ပိုင်းက ဟန်ဒေါက်ကျေးရွာအုပ်စု၊ ရေသောင်ကျေးရွာအုပ်စုနှင့် ပုပိုင်း ကျေးရွာအုပ်စုများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29995
Page
29996
Page
29997
Page
29998
Current page
29999
Page
30000
Page
30001
Page
30002
Page
30003
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department