အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Aug 19,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်း မြို့နယ်မှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်း ကျေးရွာအုပ်စု၊ ဆင်ကုံးကျေးရွာ၌ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာအပါအဝင် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးကို သြဂုတ်လ ၁၈ ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပကြောင်း သိရှိရသည်။
Aug 19,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းဆောင်ရွက်နေသောလုပ်ငန်းမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းလုပ်ငန်းများ စီမံခန့်ခွဲခြင်း လုပ်ငန်းဆွေးနွေးညှိနှိုင်းဟောပြောခြင်းလုပ်ငန်းများအား ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်ပြီး ဩဂုတ် ၁၈ ရက်နေ့ထိ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်ဌာနဆိုင်ရာများ ကွင်းဆင်းဟောပြောညှိနှိုင်းဆောင်ရွက်နေကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်ထံက သိရသည်။
Aug 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကမားထကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 19,2020
ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားနည်းပါးခြင်းကြောင့် ငှက်လှေစီးခများ ဈေးလျှော့ပေးနေရကြောင်း တောင်သမန်အင်း ဦးပိန်တံတားဌက်လှေအသင်းမှ သိရသည်။