အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သြဂုတ် ၁၇ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်ရှိဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ၁၄၃၇ စင်တီမီတာထိ မြင့်တက်လာပြီး ၂၄ နာရီအတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ကာ ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ၁ စင်တီမီတာ ပြန်ကျလာပြီဖြစ်ကြောင်း ခန္တီးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းခင်းရန် စက်ယန္တရားကြီးဖြင့် လမ်း Level ရရှိရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Aug 19,2020
မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားအိမ်ထောင်စုများအတွက် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP) အစီအစဉ်အရ ဒုတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်၍ မြို့ပေါ် ရပ်ကွက်များသို့ တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ လူငယ်အသင်း(Youth Club) တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင် ဗဟုသုတ များ ဆွေးနွေး ဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Aug 18,2020
ခန္တီးမြို့ အောင်သာရေထိမ်းတံခါးမှ ချင်းတွင်းမြစ်ရေများ ကျော်လွန် ဝင်ရောက်နေပြီဖြစ်သဖြင့် မြို့တွင်းသို့လည်း မြစ်ရေဝင်ရောက် လာနိုင်သည့်အတွက် ဈေးအတွင်းမှပစ္စည်းများ သယ်ယူနိူင်စေရန် ဈေးတံခါးများဖွင့် ပေးထားပါကြောင်း ခန္တီးမြို့ စည်ပင်သာယာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။